့ အန်အယ်လ်ဒီစုံညီအစည်းအဝေးအတွက် ပြည်နယ်နှင့်တိုင်းများမှ လွတ်တော်ကိုယ်စား လှယ်များ၊ တိုင်းစည်းအဖွဲ့ဝင်များသည် ဒေသအာဏာပိုင်များ၏ နှောင့်ယှက်မှုမခံရဘဲ ရန်ကုန်အန်အယ်လ်ဒီရုံးချုပ်သို့ ရောက်ရှိနေကြပြီဖြစ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။
“အားလုံးစုံစုံညီညီရောက်ပါပြီ။ သူတို့ ဆီက ပြောကြားချက်တွေအရတော့ တစုံတရာနှောင့်ယှက်ဟန့်တားတာ မရှိဘူးဗျ။ ကယားပြည်နယ်က စည်းရုံးရေးကော်မတီကတော့ ဖျက်သိမ်းထားတာကြာပြီလေ။ အဲဒါမှအပပေါ့လေ။ ကျန်တာတွေ အကုန်ရောက်လာပါပြီ” ဟု ၎င်းကပြောသည်။
ပါတီစုံညီအစည်းအဝေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) လွတ်တော်ကိုယ်စား လှယ်များ နှင့် တိုင်းနှင့်ပြည်နယ်များမှ စည်းရုံးရေးအဖွဲ့ဝင် (၅) ဦးစီကို ဖိတ်ကြားထားခြင်းဖြစ်သည်။
ထိုအစည်းအဝေးတွင် အန်အယ်လ်ဒီဗဟိုမှ လူငယ် (၃) ဦးနှင့် အမျိုးသမီးအဖွဲ့မှ (၃) ဦးတို့ လည်း တက်ရောက် ဆွေးနွေးကြမည်ဖြစ်သည်။ယနေ့ နံနက်တွင် အစည်းအဝေးတက်ရောက်ရန် ရောက်ရှိနေကြသော အန်အယ်လ်ဒီပါတီဝင်များအား ဗဟို အလုပ်အမှုဆောင်အဖွဲ့မှ တင်ပြထားသည့် စာတမ်းကို တိုင်းနှင့်ပြည်နယ်အလိုက် သုံးသပ်ဆွေးနွေးစေခဲ့ ကြောင်း သိရသည်။
“မနက်ပိုင်းကစပြီး သူတို့ ကို စာတမ်းပေးဖတ်လိုက်တယ်။ ကိုယ့်အုပ်စုနဲ့ ကိုယ်ပေါ့။ ညနေလေးနာရီအထိ အဲဒါကိုကြည့်ပြီး သူတို့ ဆွေးနွေးကြတယ်။ တချို့တိုင်းနဲ့ပြည်နယ်တွေက ပြီးပြတ်အောင် ဆွေးနွေး သွားနိုင်ကြ တယ်။ တချို့လည်း မနက်ပိုင်း ထပ်ဆွေးနွေးကြမယ်။ ညနေပိုင်းမှာတော့ ဖြန့်ထားတဲ့ စာတမ်းတွေကို ပြန်သိမ်း ပါတယ်။ အဲဒါက မနက်ဖြန်အစည်းအဝေးကြီးမစမီ စာတမ်းကို အပြင်မထွက်စေချင်လို့ပါ” ဟု ဦးအုံကြိုင်က ပြောသည်။
အန်အယ်လ်ဒီပါတီက အဓိကထားဆွေးနွေးမည်ဖြစ်သော စာတမ်းတွင် ၂၀၀၈ ဖွဲ့စည်းပုံနှင့် ရွေးကောက်ပွဲ အကြောင်း၊ ပါတီ၏ လက်ရှိနိုင်ငံရေးပြဿနာနှင့် စည်းရုံးရေး၊ ပါတီ၏ အနာဂတ်ရပ်တည်ရေး စသည့် သုံးချက် အပေါ်တွင် မူတည်ဆွေးနွေးသွားကြမည်ဖြစ်သည်။

1 comments:
ကျွန်တော် ရောက်ပါတရ်၊၊
အဆင်ပြေပါစေ၊၊
Post a Comment